တောင်ကြီးတန်ဆောင်တိုင်လည်းရောက်ခါနီးပြီဆိုတော့.. ပိုလွမ်းမိလို့..ရေးဖြစ်သွားတာပါ

ကျွန်တော်အခုတစ်လော .. အလုပ်နဲ့အိမ် ..အလုပ်နဲ့အိမ်ပဲ..သွားလာလှုပ်ရှားနေပါတယ်.. ဒါကြောင့်..ဒီကြားထဲ ဘယ်မှ မသွားဖြစ်ဘူးလို့ဆိုလို့ရပါတယ်.. ဒါကြောင့်လည်း.. ကျွန်တော် ကိုယ်ပိုင်သီချင်းအသစ်တွေ သီကုံးရေးစပ်မိခဲ့ပါတယ်.. အရင်တစ်ပုဒ်က ချစ်သူအတွက်.. အခုတစ်ပုဒ်က .. ချစ်တဲ့သျှမ်းမြေ ကို လွမ်းဆွတ်မိလို့.. ရေးထားတာပါ.. အိမ်လွမ်းသူတွေအားလုံးကိုယ်စားပေါ့.. ပြီးတော့ သျှမ်းမြေကိုချစ်တဲ့သူတွေအတွက်ကောပဲ.. အားလုံးနဲ့တိုက်ဆိုင်ရင် ဝမ်းသာမိပါတယ်…အခုတော့…” တမ်းတမိတဲ့မြေ ” သီချင်းတစ်ပုဒ်ကို ဆက်လက်အားပေးပါဦးနော်… သီချင်းစာသားကိုပဲ..အရင်အားပေးပါဦးနော်.. မကြာမှီအသံနဲ့လာပါမယ်.. အခုတစ်လော.. လည်ချောင်းနည်းနည်းနာနေလို့.. အသံကိုကြိုးစားသွင်းနေပါတယ်.. :P
ပြီးတော့… . တန်ဆောင်တိုင်လည်း ရောက်ခါနီးပြီဆိုတော့..ပိုလွမ်း..ပိုလို့ တမ်းတမိပါတယ်လေ..

… တမ်းတမိတဲ့မြေ …

သတိရတဲ့စိတ်လေးတွေ မြိုသိပ်ထားရင်း ပိုလွမ်းလို့လေ
ခေါင်မိုးနီနီ မြေနီလမ်းတွေ ဖြတ်သန်းနင်းလျှောက်ခဲ့တဲ့ ငယ်ဘဝအချိန်တွေ.. .. ..

တောင်ချွန်းအလှနဲ့ ထင်းရူးရနဲ့တွေ လှပသင်းထုံ ချယ်ရီဒို့သျှမ်းမြေ
အခွင့်အခါကြုံရင် ပြန်ဆုံချင်ပါတယ်လေ စောင့်လို့ကြိုနေပါ မွေးရပ်သျှမ်းမြေ.. .. ..

လွမ်းမိ..လွမ်းမိတယ်လေ.. ကျွန်တော်ဟာ အဝေးရောက် အဝေးရောက်နေပြီလေ..
ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ ပျော်ရွင်ချင်တယ် တန်ဆောင်တိုင်ပွဲကိုလေ.. .. ..
တမ်းတ..တမ်းတမိတယ်လေ.. ကျွန်တော်ဟာ တစ်နေ့တော့ တစ်နေ့ပြန်လာမယ်လေ..
ဘဝရဲ့ဒုက္ခအမောများကိုဖြေ.. လတ်ဆတ်အေးချမ်းလှတဲ့ တောင်ပေါ်မြေ.. နားခိုချင်မိနေ.. .. ..

သူချက်ကျွေးခဲ့တဲ့ သျှမ်းခေါက်ဆွဲကိုလေ ကျွန်တော်ဟာတစ်သက်မမေ့နိုင်ပါဘူးလေ
ပြန်လာမယ့်နေ့ရက်အချိန်တွေ သူစောင့်စားရတဲ့အချိန်တွေ အမြန်ကုန်ဆုံးပါစေ.. .. ..

လွမ်းမိ..လွမ်းမိတယ်လေ.. ကျွန်တော်ဟာ အဝေးရောက် အဝေးရောက်နေပြီလေ..
ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ ပျော်ရွင်ချင်တယ် တန်ဆောင်တိုင်ပွဲကိုလေ.. .. ..
တမ်းတ..တမ်းတမိတယ်လေ.. ကျွန်တော်ဟာ တစ်နေ့တော့ တစ်နေ့ပြန်လာမယ်လေ..
ဘဝရဲ့ဒုက္ခအမောများကိုဖြေ.. လတ်ဆက်အေးချမ်းလှတဲ့ တောင်ပေါ်မြေ..
တမ်းတ..တမ်းတမိတယ်လေ.. ကျွန်တော်ဟာ တစ်နေ့တော့ တစ်နေ့ပြန်လာမယ်လေ..
ဘဝရဲ့ဒုက္ခအမောများကိုဖြေ.. လတ်ဆက်အေးချမ်းလှတဲ့ တောင်ပေါ်မြေ.. နားခိုချင်မိနေ.. .. ..

၁၉ ရက် ၉ လ ၂၀၁၀
ဂျပန်စံတော်ချိန် ည ၉နာရီ ၅၉ မိနစ်
ရေးသားသူ.. စိုင်းလောဝ် ( ကြယ်စင်မင်း ) ကိုယ်ပိုင်သံစဉ်စာသား
ကီးများ.. D, Gbm, Bm, Gbm, G, D, Em, A, A7

ရင်ခုန်လိုက်တိုင်း ချစ်တယ်..

ဝေးသွားတော့မှ ပိုချစ်လာတယ်..ငါတို့်နီးစပ်ဖို့က မနှိပ်စက်ပါနဲ့ ကံကြမ္မာရယ်..
အသံကြားရုံနဲ့ ရင်ခုန်မိပါတယ်.. တယ်လီဖုန်းဆက်ပြီး အလွမ်းတွေသယ်ကြမယ်..

စက္ကန့်တွေလှုပ်ရှားနေသမျှ နေ့နဲ့ညတွေပြောင်းလဲ
မင်းရဲ့ရင်ခုန်သံတွေတချက်ချက်ခုန်ခုန်လိုက်တိုင်း.. ဟိုင်း..

ချစ်တယ်.. ငါသိပ်ချစ်တယ်.. မင်းရဲ့အနားမှာပဲ ငါအမြဲရှိချင်တယ်..
လွမ်းတယ်.. ငါသိပ်လွမ်းမိနေတယ်.. အနေဝေးသွားခဲ့ပေမယ့်.. ငါတို့အချစ်တွေ မအေးခဲပါရစေနဲ့…။
ဟူး.. ဟူး.. ဟူး….. ………….. …………… …….

အချစ်တွ ဖန်ဆင်းပေးခဲ့တဲ့ မင်းရဲ့နှုပ်ခမ်းလေးကို ငါလေ လွမ်းနေမိတယ်..
ပင်လယ်ပြင်တွေဘယ်လောက်ပင်ခြားနားပါစေ.. ငါတို့၂ယောက်ရဲ့စိတ်တွေက နီးနီးလေးပါပဲကွယ်..

စက္ကန့်တွေလှုပ်ရှားနေသမျှ နေ့နဲ့ညတွေပြောင်းလဲ
မင်းရဲ့ရင်ခုန်သံတွေတချက်ချက်ခုန်ခုန်လိုက်တိုင်း.. ဟိုင်း..

ချစ်တယ်.. ငါသိပ်ချစ်တယ်.. မင်းရဲ့အနားမှာပဲ ငါအမြဲရှိချင်တယ်..
လွမ်းတယ်.. ငါသိပ်လွမ်းမိနေတယ်.. အနေဝေးသွားခဲ့ပေမယ့်.. အချစ်တွေ မအေးခဲပါရစေနဲ့…။
လွမ်းတယ်.. ငါသိပ်လွမ်းမိနေမှာပဲ.. အနေဝေးသွားခဲ့ပေမယ့်.. သွေးအေးသွားမယ့်အဖြစ်မျိုးတွေ မဖြစ်အောင်ဂရုစိုက်မယ်..
ငါလေမင်းကို အရမ်းချစ်တယ်..

28.8.2010 7:15 pm jp home
A,Dbm,D,Bm,E,A
ကြယ်စင်မင်းရဲ့ ကိုယ်ပိုင်သံစဉ်စာသားပါ။

စာကြွင်း….. မကြာခင် ခက်စုတ်စုတ်အသံဖိုင်ကို တင်ဆက်ပေးပါ့မယ်… :)

ကောင်မလေးရေ.. နေနိုင်ဖို့ခက်ပြီ… :)

ကောင်မလေးရေ

နေနိုင်ဖို့ ခက်ပြီ

Credit to: myanmarmp3album.com

မရောက်မှီအချိန်အထိတော့..

ကျွန်တော့်ဆိုဒ်အလည်လာကြတဲ့ သူတွေအားလုံး ကျွန်တော် အသစ်မတင်မှီအချိန်အထိတော့ သီချင်းလေးတွေကို ခံစားသွားပေးကြပါဦးနော်.. မကြာမှီ ပြန်လာမည်..

Powered by eSnips.com

Imeen သီချင်းတွေအတွက် အကောင့်ရှိရင် သီချင်းရဲ့ မိနစ်အပြည့်နားဆင်နိုင်မှာဖြစ်ပါတယ်.. ဒါကြောင့် အကောင့်မရှိသေးသူများ ဒီမှာ သွားပြီး အကောင့်ဖွင့်ရင်း နားဆင်နိုင်ပါတယ်..


ရေမြေခြားချစ်သူတွေအတွက် ၂


ကျွန်တော့်အကြိုက်ဆုံးသီချင်းများ…

Ayaka – Sing to the Sky[2008.6.25]

  1. POWER OF MUSIC
  2. Ai wo Utaou (愛を歌おう; Let’s Sing Love)
  3. Sky
  4. Jewelry day
  5. Good Night Baby (グンナイベイビー)
  6. For today
  7. Why
  8. Gold Star (ゴールドスター)
  9. Mahoutsukai no Shiwaza (魔法使いのしわざ; The Magician’s Deeds)
  10. Te wo Tsunagou (手をつなごう; Let’s Hold Hands)
  11. Ai mo Uso mo Shinjitsu (愛も嘘も真実; Love, Lies and Truth)
  12. CLAP & LOVE
  13. Kimi ga Iru Kara (君がいるから; Because I Have You)
  14. Okaeri (おかえり; Welcome Home)
  15. Kon’ya mo Hoshi ni Dakarete… (今夜も星に抱かれて・・・; Wrapped in the Stars Tonight)
  16. WINDING ROAD (ayaka x Kobukuro (絢香×コブクロ)) (bonus track)
  17. I believe (bonus track)

Hey everyone another upload. ayaka’s latest album which I must say is very good. It has a nice upbeat pop feeling but at the same time a nicer slow ballad feeling. Well enjoy this nice addition to J-MU.

Download Part 1 (1-9)
Download Part 2 (10-17)

Orginal post by: J-Mu