IPhone, ITouch နှင့် မြန်မာ အွန်လိုင်း ရေဒီယို နားဆင်မယ်..

Posted by နွေးနေခြည် at 4:32 PM မှ ကူးယူဖော်ပြသည်။

IPhone/ ITouch မှတဆင့် မြန်မာ အွန်လိုင်းရေဒီယိုများ နားထောင်နိုင်ပြီဖြစ်ပါတယ်။ အခုလို နားထောင်လို့ရမှန်း စသိခဲ့တာ MYMC ကပါ။ ရေဒီယိုတွေက ၂၄/ရ လာနေတာဖြစ်လို့ သီချင်းပေါင်းစုံကို အချိန်မရွေး အင်တာနက် ရှိရာနေရာမှ နားထောင်နိုင်ပြီဖြစ်ပါတယ်။

Application သွင်းပုံနှင့် MYMC ရေဒီယို Configure လုပ်ပုံကို ဒီလင့် ကဆင့် သွားကြည့်နိုင်ပါတယ်။ ပုံနှင့် ဗီဒီယိုဖိုင်နဲ့ တကွ သေချာရှင်းပြထားပါတယ်။ Jail break မလုပ်ထားလည်း ရေဒီယို Configure လုပ်လို့ရပါတယ်။

ကျမအခု မျှဝေပေးချင်တာက အဖြူရောင်သံစဉ် ရေဒီယိုနှင့် အိမ်မက်လှိုင်း ရေဒီယို Configure လုပ်ဖို့ပါ။ ကျမက ဘယ်ရေဒီယို လိုင်းရဲ့မှ DJ မဟုတ်ပါဘူး။ ရေဒီယိုနားဆင်သူ ပရိတ်သတ် အချင်းချင်း မျှဝေပေးချင်ရုံပါ။

ပထမဆုံး အပေါ်မှာပေးထားတဲ့ MYMC လင့်မှတဆင့် MYMC ရေဒီယိုကို Configure လုပ်ပြီး အဆင်ပြေပြီဆိုရင် နောက်ရေဒီယို လိုင်းတွေကို အလွယ်တကူ ထည့်နိုင်ပါပြီ။ ရေဒီယို လိုင်းတွေ ထည့်ဖို့အတွက် အဓိက က URL သိဖို့လို့ပါတယ်။ URL ဘယ်လိုရှာနိုင်မလဲဆိုတာ အောက်မှာ ထပ်ရှင်းပြထားပါတယ်။

- အဖြူရောင်သံစဉ် ရေဒီယို Configure လုပ်ရန်
Name: APYTZ
URL: mms://wma2.viastreaming.net/APYTZ
Format: WMA
Bitrate (kps) : 37

- အိမ်မက်လှိုင်း ရေဒီယို Configure လုပ်ရန်
Name: EML
URL: mms://energy08.egihosting.com/EML
Format: WMA
Bitrate (kps): 37

URL ရှာပုံ
ရေဒီယို လွှင့်နေတဲ့ web page ကိုဖွင့်ပါ။
ရေဒီယို လွှင့်နေတဲ့ Player ကို selection မှတ်၊ Right Click နှိပ်ပြီး View Selection Source ကိုရွေးပါ။ (for FireFox Browser)
Player နှင့် ပတ်သက်တဲ့ code တွေကို မြင်ရပါမယ်။
(example: src=”mms://energy08.egihosting.com/EML/“)
Source code ကိုယူပြီး configure လုပ်နိုင်ပါပြီ။

မှတ်ချက်။ ။ IPhone နှင့် ရေဒီယို နားထောင်ချိန်ကြာလာလျှင် ဖုန်းအရမ်းပူလာပြီး Battery အားကုန်မြန်ပါတယ်။ း)

Do You Believed “Online Love” အဖြေ..

၆ ရက်လောက် အွန်လိုင်းအချစ်ကို ယုံသလားလို့ Poll လုပ်လိုက်တာ အောက်ကအဖြေထွက်လာပါတယ်..။
မယုံတဲ့သူက သိပ်မရှိသလောက်ပဲနော်..။ ၅ဝ % ကတော့ ယုံတဲ့လူနဲ့ မတိမ်းမယိမ်းပဲ.. ဟီးးး :D
အားလုံး အွန်လိုင်းအချစ်နဲ့ ပျော်ရွှင်ကြပါစေဗျာ…
poll

Online Love..

ကယ်.. Online အချစ်ကိုယုံကြလားခင်ဗျာ..
ကျွန်တော်ကတော့ အွန်လိုင်းပေါ်ကနေ ချစ်တတ်လာတာအရင်ကတည်းကပါ.. ပြန်ချစ်လိုက် ပျက်လိုက်နဲ့.. အခုနောက်ဆုံးတစ်ယောက်ကတော့ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်နိုင်ခဲ့ပါပြီ..။ သူမနဲ့ ကျွန်တော်ကတော့ အွန်လိုင်းပေါ်ကနေ ဆုံကြရင်း .. အမရဲ့ ညီမလေးဖြစ်နေဖြစ်နေတာကြောင့် ဖူးစားလို့ ပြောရမယ့် အခြေအနေဖြစ်ခဲ့ပါတယ်..။ သူမရယ် ကျွန်တော်ကတော့ Online Love ကိုယုံကြည်ပါတယ်.. ကယ်… အားလုံးကကော… ??? >? ???> ????
ကယ် … အောက်မှာ Poll ပေးခဲ့ပေါ့.. ပြီးရင်လည်း Comment မှာ ပြောချင်တာကို ပြောခဲ့နိုင်ပါသေးတယ်.. အမှတ်တရ အဖြစ် သိမ်းထားချင်လို့ပါ.. ဒီနေ့မှစပြီး ၇ ရက်အတွင်း ကို ဘယ်လောက်ပေးနိုင်ခဲ့သလဲဆိုတာကို သိချင်ပါတယ်.. ကယ်.. ဒီနေ့ ( ၃၀ မတ် ၂၀၀၉ ) မှ စပြီး ( ၆ ဧပြီ ၂၀၀၉ ) ခုနှစ် အထိပေါ့…


online love – Andy & Allngar

သီချင်းကို.. .. တောင်ပေါ်သားတို့ဆုံဆည်းရာမြေ မှ SeinLae ထံမှ ကူးယူဖော်ပြပါသည်။