မနက်အိပ်ယာကထ Facebook Mail ရ :P

ပြီးတော့ ကျွန်တော့်ရဲ့လက်ရှိအကြိုက်ဆုံး Broswer ဖြစ်တဲ့ Google Chrome ကိုဖွင့်လိုက်တယ်.. ချက်ချင်းတတ်လာတာကတော့ Facebook ပါပဲခင်ဗျာ.. ဒါနဲ့ ကြည့်လိုက်တော့ Upgrade Your Message လို့ပေါ်လာပါတယ်.. တခြားသူတွေရကြပေမယ့်.. ကျွန်တော်ကတော့ ဒီနေ့မှပဲရတော့တယ်..

ဝေးကွာနေတဲ့ အချိန်တွေမှာ စာလေးတွေနဲ့ ပွေ့ဖက်ပါ။


စိတ်ကူးကောင်း၊ အတွေးကောင်းတဲ့ ကြောငြာလေးတွေပါ.. ဆိုတဲ့ Taunggyi Family မေးလ်ထဲက hnin hnin ရေးထားတာဖတ်လိုက်ရလို့.. ကျွန်တော်လည်း အတွေးတစ်ချို့ဝင်လာခဲ့တယ်…
ဒီခေတ်ကြီးထဲ ကိုယ့်ရဲ့ မိဘ၊ ဆွေးမျိုးသားချင်း၊ ချစ်သူခင်သူ တွေကို စာတိုက်ကနေစာပို့တာထက် ပိုမြန်တဲ့ Email တွေကို အားလုံးက သုံးနေကြပါပြီ.. IT ခေတ်ကြီးထဲမှာ မသုံးတဲ့လူတွေလည်း ရှိကောင်းရှိနေအုံးမှာပါ.. ကျွန်တော်တခြားအတွေးတွေနဲ့ မပြောတော့ဘူးဗျာ..
ဟိုတစ်နေ့က Taunggyi Family ထဲက အကိုတစ်ယောက်နဲ့တွေဆုံတုံးကပြောဖြစ်တယ်.. ကျွန်တော်တောင်ကြီးမှာနေတုံးက အင်တာနက်ဆိုင် ၃ ဆိုင်လောက်ပဲရှိသေးတယ်လို့ပြောတော့.. အကိုကပြန်ပြောတာ.. အခုဆိုရင် ်ဆိုင်ပေါင်း ၃ဝ လောက်ရှိနေပြီတဲ့.. ကျွန်တော်ပြန်ပြောလိုက်တာကတော့.. သူတို့လည်း ကမာ္ဘကြီးအကြောင်း သိလာပြီပေါ့.. လို့။ ကျွန်တော်တို့တောင်ကြီးမြို့ဆိုရင် အရင်က ဆက်သွယ်ရေးအရမ်းခက်ခဲတယ်ဆိုပဲ.. ဒါကြောင့် ပို့/ဆက် ကလည်း ခရီးမကောင်းရင် တော်ယုံတန်ယုံမရောက်ဘူးလေ.. ဒါပေမယ့် အခုခေတ်မှာလည်း ရှိကောင်းရှိနိုင်မယ်လို့ထင်တာပဲ.. ဒါကြောင့် အင်တာနက်ဆိုင်ထိုင်ပြီး ကွန်ပျူတာကနေ ဇော်ဂျီဖောင့် လှလှလေးတွေနဲ့ရေးပြီး အမြန်ဆုံးပို့ပေးနိုင်တဲ့ အီးမေးလ် ( Email )တွေကြောင့် ကျေးဇူးတင်နေမိပါပြီ… လက်ရေးနဲ့ရေးတဲ့ စာတွေထက်ကတော့ ဘယ်မှီမလဲနော်.. ဒါပေမယ့်… ( သိတော်မူကြတဲ့အတိုင်းပေါ့.. :P )

မူလစာရေးသူရဲ့အတွေးလေးကတော့…By: hnin hnin
ဒီကြော်ငြာကို အရမ်းကြိုက်မိပါတယ်။ ပုံကြည့်တာနဲ့ ထွေထွေထူးထူး ပြောစရာမလိုအောင် သိသာနိုင်တဲ့ ကြော်ငြာလေးပါ။ အိုင်တီခေတ်တဲ့.. ကွန်ပြူတာတွေ၊ ဖုန်းတွေ၊ အီးမေးလ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေ၊ အိမ်သူ အိမ်သား၊ ချစ်သူရည်းစားတွေကို ဆက်သွယ်ရလွယ်တဲ့ ဒီအီးခေတ်မှာ လက်ရေးနဲ့ ရေးတဲ့ စာဆိုတာ အတော်လေးကို ရှားပါးခဲ့ပါပြီ။ အေးစက်စက် ဖန်သားပြင်ပေါ်မှာ ဖတ်ရတဲ့ စာထက် ကိုယ်တိုင်လက်ရေးနဲ့ ဂရုတစိုက်ရေးတဲ့ စာက ပိုနွေးထွေးတယ် ဆိုတဲ့အကြောင်း.. ဝေးကွာနေတဲ့ အချိန်အတွင်းမှာ စာလေးတွေနဲ့ ပွေ့ဖက်ပါ။

တစ်ချို့တွေက ပြောကြပါတယ်။ မေလ်းတွေ အရမ်းများတော့ ရောကုန်တယ်တဲ့…

Orginal Post By: Media Transform Group အားကျေးဇူးတင်ပါတယ်.. မေလ်းတွေ ရောကုန်မှာဆိုးရင်……

တစ်ချို့တွေက ပြောကြပါတယ်။ မေလ်းတွေ အရမ်းများတော့ ရောကုန်တယ်တဲ့။ ဘယ်ဟာက ဘယ်သူပို့တာမှန်း မသိတော့ဘူးတဲ့။ အခု အဲဒီ ပြဿနာလေးကို Filter လေးစစ်ထုတ်ပြီး စမ်းကြည့်ရအောင်။

ပထမဆုံး အနေနဲ့ Label တခု အရင်တည်ဆောက်ကြရအောင်…………
chat box ရဲ ့ အောက်နားလေးမှာ Label အတွက် နေရာလေးရှိပါတယ်။
အဲဒီထဲကနေ Edit Labels ဆိုတာလေးကို နှိပ်ရမှာပါ။

Edit Labels ထဲရောက်သွားပီဆိုရင်တော့ ကိုယ်ပေးချင်တဲ့ နာမည်ရိုက်ထည့်ပါ့။(ဥပမာ-TaunggyiFamily)

ပြီးလျှင် create ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။

အဲဒီအဆင့်ပြီးရင်တော့ Label နေရာလေးမှာ ကိုယ်ပေးထားတဲ့ နာမည်လေးပေါ်လာပါလိ့မ်မယ်။(ဥပမာ-TaunggyiFamily)

ဒုတိယ အဆင့်အနေနဲ့ Filter လုပ်ကြရအောင်…..
ကိုယ့် inbox ထဲမှာ ကိုယ်Filter လုပ်ချင်တဲ့ အီးမေးကို select လုပ်လိုက်ပါ(ဥပမာ-တောင်ကြီးမိသားစုက ပို့လာတဲ့ အီးမေးတစောင်စောင်ဖြစ်ရင်ရပြီ)
ပြီးရင် more action ထဲမှာ Filter message like this ဆိုတာလေးကို ရွေးပေးပါ။

Filter Dialog box ကျလာပါလိမ့်မယ်။ ံHas the Words: ဆိုတဲ့ နေရာလေးမှာ ကိုယ်စစ်ထုတ်ချင်တဲ့ အီးမေး လေး ပါလာပါလိမ့်မယ်။
ပြီးလျှင်တော့ Next Step ကို နှိပ်ပေးပါ။

နောက်ကျလာမယ့် Filter Create Page မှာတော့ skip the inbox  ကို check mark လုပ်ပေးရပါမယ်။(ကိုယ့် inbox ထဲကို အဝင်မခံလိုတဲ့အတွက်ပါ)
နောက်တခုက Apply the Label ကို check mark ပေးပြီး နဘေးက choose label မှာ ကိုယ်သွားချင်တဲ့ label ကို ရွေးပေးပါ။(ဥပမာ-TaunggyiFamily)

ပြီးရင်တော့ Create Filter ဆိုတာလေးကို နှိပ်ပေးလိုက်ရင် ရပါပြီ။ (ရှိပြီးသား mail တွေကိုပါ Label Apply လုပ်ချင်ရင် Also Apply Filter to…. ကိုပါ check mark လုပ်ပေးပါ)။

အပေါ်ကအဆင့်တွေ လုပ်ပြီးသွားရင်တော့.. Label တခုထဲကို ကိုယ့်စီဝင်လာတဲ့အီးမေးတွေကို Filter စစ်ထုတ်ပြီးသားဖြစ်မှာပါ။
ကျွန်တော်တို့ ဥပမာ.. Label ကို TaunggyiFamily လို့နာမည်ပေးထားပြီး။ တောင်ကြီးမိသားစု က ပို့တဲ့အီးမေးတွေ အားလုံး အဲဒီ Label ထဲကို အလိုအလျှောက်ရောက်ရှိသွားမှာပါ)

Attachment File တွေမှာ ကြည့်လို့ရပါတယ်ခင်ဗျား။