Internet Download Manager v5.17_Portable


နောက်ဆုံးထွက်ဗားရှင်းပါ .. April 28 2009 ထွက်ပေါ့..။

ကယ် .. ဒီတစ်ခါတော့ အဆင်ပြေပြေနဲ့ Internet Download Manager v5.17_Portable လေးကို ပေးလိုက်တယ်..
ကျွန်တော်လည်း ဖိုင်အကြီးတွေယူရတာထက်.. Portable လေးတွေကို ဒီနောက်ပိုင်း ပိုသုံးလာတယ်.. နေရာယူမူ့လည်း နဲတယ်လေ.. နောက်ပိုင်းတွေလည်း ဖြစ်နိုင်ရင် Portable လေးတွေကို တတ်နိုင်သလောက် ရှာဖွေတင်ပေးပါ့မယ်.. အခုတော့ ဒါလေးအရင်ယူထားလိုက်အုံး.. Registration အပြည့်လေးနဲ့နော်..

ဒေါင်းမယ်ဆို ဒီမှာနှိပ်ပါ။ ဒေါင်းလို့အဆင်မပြေရင်ပြန်ပြောပါ.. File Hosting အသစ်စမ်းကြည့်ထားလို့ပါ။

Internet Download Manager 5.15 Final

What is new in version 5.15? (Oct/28/2008)
- Added IDM Download Panel for Firefox and other Mozilla based browsers that appears on top of a web-player when IDM detects a multimedia request from the web-player. IDM download panel is used to download and save audio and video files that are played by the web player. It can be used to download flash videos from sites like YouTube, MySpaceTV, Google Videos, etc.

ဒေါင်းမယ်ဆိုရင်…

အိမ်မှာ Internet မရသေးလို့ပါ…

အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဘာလုပ်လို့ လုပ်ရမယ်မသိ။။

အိမ်မှာ Internet မရှိလို့… တော်တော်လေး လက်မိုင်ကျနေတယ်.. ကမာ္ဘကြီးထဲလဲ ကြွက်လျှောက်သလို

ဟိုချောင်းဒီချောင်း၊ ဟိုနိုက် ဒီနိုက်၊ ဟိုဆွဲဒီဆွဲ..( ဆော့ဝဲလ်များနှင့် သတင်းများ ကို ရည်ရွယ်ပါသည်..  :) ) မလုပ်နိုင်တော့ပါ.။

အမြန်ဆုံး အင်တာနက်လာရောက်ချိတ်ဆက်ရန် အင်တာနက်ရုံးကို အမြဲတမ်းဖုန်းဆက်နေသဖြင့် သူတို့ဘက်ကလည်း ဒေါပွနေပါပြီ။

အားလုံးနဲ့ အမြန်ဆုံးပြန်လည်တွေ့ချင်ပါပြီ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အင်တာနက်ဂျာနယ် အွန်လိုင်းပေါ်ရောက်ပြီ

Orginal Post by: ကေဂျွန် ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

မိတ်ဆွေအယ်ဒီတာကြီးတစ်ဦး တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာပြည်အင်တာနက်ဂျာနယ်ကို အွန်လိုင်းပေါ်မှာ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ကျနော်သိသလောက် ထူးခြားတာလေးကတော့ ဂျာနယ်တစ်စောင်လုံးမှာပါတဲ့ ကဏ္ဍတွေထဲက ကိုယ်နှစ်သက်ရာကိုပဲ ရွေးချယ်ဖတ်ရှုနိုင်လို့ အဆင်ပြေပါတယ်။ တာဝန်ယူလုပ်ကိုင်နေကြတဲ့သူတွေအားလုံးကလည်း စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးနေကြတယ်လို့ သိရပါတယ်။ အင်တာနက်ဂျာနယ်ကို မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာဝါသနာပါသူတွေ ပုံမှန်ဖတ်ရှုနေကြတာ ကျနော်အပါအဝင်ပါပဲ။ တကယ်တော့ “အင်တာနက်”ဆိုတဲ့နာမည်နဲ့ ဒီဂျာနယ်ရဲ့ဝက်ဘ်ဆိုက်ဟာ အွန်လိုင်းပေါ်ကို အရင်ဆုံးရောက်နေသင့်တဲ့ မြန်မာဂျာနယ်ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

Website Link: www.myanmarinternetjournal.com