ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့အကြား မိုင်းဖြတ်မြို့၊ လွယ်မွေအနီးကို ဗဟိုပြု၍ ၇.၀ အင်အားရှိ ငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားခဲ့

Eleven Media Group
၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ ည ၈ နာ ရီ ၂၉ မိနစ် ၃၀ စက္ကန့်၊ မန္တလေးမြို့မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀၀ ခန့်အကွာ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်အကွာ၊ လွယ်မွေရွာအနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ကာ အင်အား ၇ ဒသမ ၀ ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါငလျင်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများသာမက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ မြို့နယ်များတွင်ပါ ငလျင်၏သက်ရောက်မှုကို သိရှိခံစားခဲ့ရကြောင်း သိရသည်။

(နောက်ဆက်တွဲသတင်းများ)

တာချီလိတ်မြို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် “တာချီလိတ်မြို့မှာ ည၈နာရီကျော်ကျော်လောက်က ငလျင်လှုပ်တာ ၇ ခါလောက် ရှိတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကတော့ တော်တော်ပြင်းတယ်။ တစ်မြို့လုံးက လူတွေလည်း အိမ်ထဲမှာမနေရဲကြပဲ အိမ်အပြင်ထွက်နေကြရတယ်။ အခုချိန်ထိ(၁၁နာရီ၄၅မိနစ်)လည်း အိမ်ထဲပြန်မဝင်ကြသေးဘူး။ ဘယ်မှလဲ မသွားရဲကြဘူး။ အိမ်တွေတော့ မပြိုပါဘူး။ အိမ်ထဲက ပစ္စည်းတွေတော့ ပြုတ်ကျကုန်တယ်” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောပါသည်။

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင်လည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။ နေပြည်တော် ပျဉ်းမနားမြို့ခံတစ်ဦးကို Eleven Media Group က ဆက်သွယ်မေးမြန်းရာတွင် “လှုပ်သွားတာတော့ သိလိုက်တယ်။ ခဏလေးပါပဲ။ ထူးထူးခြားခြား ဖြစ်တယ်လို့တော့ မသိရသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။ မန္တလေးမြို့တွင်လည်း စက္ကန့်အနည်းငယ်မျှ လှုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

တရုတ်၊ ထိုင်းနှင့် လာအိုနယ်စပ် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် သေဆုံးသူတစ်ဦးရှိခဲ့ကာ အရှေ့တောင်အာရှ နိုင်ငံများတွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ စတင်လှုပ်ခတ်စဉ်က အင်အား ၇ ဟု သတ်မှတ်ခဲ့သော်လည်း Continue reading

Update သ​တင်း​များ​ကို Facebook တွင် တင်​ပေး​နေ​ပါ​တယ်

ကျွန်တော်​့​ဆိုဒ်​ဘက်​မ​လှည့်​နိုင်​လို့ အခု​လက်​ရှိ​ဖြစ်​နေ​တဲ့ သ​တင်း​များ​ကို အတတ်​နိုင်​ဆုံး​တင်​ပေး​နေ​ပါ​တယ်..

၃ လ​ပိုင်း ၁​၁ ရက်​နေ့ နေ့​လည် ၂ နာရီ ၄​၆ မိနစ် လောက် northeastern Taiheiyou မှာ​လုပ်​ခဲ့​တဲ့ င​လျှင်​ကြောင့် ကျွန်တော်​ကြေက်​လန့်​ခဲ့​ရ​ပါ​တယ်.. င​လျှင်​တိုင်းထွာ​စက်​တွေ​ရဲ့ မှတ်တမ်း​အရ ဒါ​ဟာ အပြင်း​ထန်​ဆုံး​င​လျှင်​လို့​သတ်​မှတ်ခံ​ခဲ့​ရ​ပါ​တယ်။ ၈.၉ စ​ကေး​ရှိ​တဲ့ င​လျှင်​ဒဏ်​ကြောင့် အခု​ဆို​ရင်​လူ​ပေါင်း​များ​စွာ ဒုက္ခ​ခံစား​နေ​ရ​ပါ​တယ်..

ဒါ​ကြောင့်​အခု​လက်​ရှိ​တွေ​ကို တိုက်ရိုက်​ကြည့်​နိုင်​ဖို့…

http://tvnewsradio.com/blog/internet-tv/japan-tsunami-watch-and-follow-live-streaming-and-real-time-updates/

မှာ ကြည့်​နိုင်​ပါ​တယ်။

ပြီး​တော့ ကျွန်တော့​ရဲ့ Facebook အကောင့်​မှ​လည်း တတ်နိုင်​သ​လောက်​တင်​ပေး​နေ​ပါ​တယ်။

http://www.facebook.com/sailao7