နည်းပညာတွေကလည်း အရမ်းတိုးတက်နေတော့.. ကိုယ့်ရဲ့ကွန်ပျူတာကနေ တစ်ခြားကွန်ပျူတာတစ်လုံးကို ဝင်ဖို့အတွက် တော်တော်လေးကို အဆင်ပြေစွာနဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်ဆိုရင် အိမ်မှာနေ ရင်း သူငယ်ချင်းတွေရဲ့စက်ထဲလိုအပ်တဲ့ ဆော့ဝဲလ်တွေကို ဒီTeamviewer အကူအညီနဲ့ဘဲ အချိန်မကုန် လူမပင်ပန်းဘဲ ဆောင်ရွက်နိုင်တဲ့အတွက် လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါတယ်..။ ကမာ္ဘရဲ့ဘယ်နေရာမှာမဆို ကော်နယ်ရှင်ကောင်းရင် အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်..။ ကယ်.. အောက်က ပုံလေးတွေကို ကြည့်ပြီး အင်စတော လုပ်ကြရအောင်။
အဆင့် (၁)

အဆင့် (၂) နှင့် (၃)

အဆင့်(၄) နှင့် (၅)

အဆင့် (၆)၊ (၇) နှင့် (၈)
အဆင့် (၇) တွင် Password ကို ကိုယ့်စိတ်ကြိုက်ပေးနိုင်ပါသည်။
အဆင့် (၉) နှင့် (၁၀)
အဆင့် (၉) တွင် ကိုယ့်စိတ်ကြိုက်သိမ်းမယ့်နေရာရွေးပေးပါ။
အဆင့်(၁၁) နှင့် (၁၂)
အဆင့် (၁၁) သည် Shortcuts ထည့်ခြင်းဖြစ်ပြီး အဆင့် (၁၂) သည် Install လုပ်ရန်ဖြစ်ပါတယ်။
အဆင့်(၁၃)
Team Viewer ကို အောင်မြင်စွာ Install လုပ်နိုင်ပါပြီ။
Install လုပ်ပြီးရင် Desktop ပေါ်မှာ
ဒီပုံလေးပေါ်နေရင် အဆင်ပြေပါပြီ။ တချို့ Install လုပ်တာမှားရင် Desktop ပေါ်မှာ အဲ့ဒီပုံလေးမပေါ်ပါဘူး။ ကယ်..ဆက်ပြီး ကြည့်ရအောင်..။ Finish နှိပ်လိုက်ရင် အောက်ကပုံလေးပေါ်လာပါမယ်။

1= ကိုယ့်ရဲ့ ID (တခြားသူက ကိုယ့်ရဲ့စက်ထဲဝင်မယ်ဆိုရင် ဒီ ID နံပါတ်လေးကိုပေးပြီး ကိုယ်အပေါ်မှာပေးထားတဲ့ Password (eg. aaaaa) ကို တပါးထည်း ပေးရပါမယ်။)
2= ကိုယ်က တစ်ခြားသူရဲ့စက်ကိုဝင်မယ်ဆိုရင် တခြားသူရဲ့ ID နံပါတ် ထည့်ရမယ့်နေရာဖြစ်ပါတယ်။ (တပါးတည်း တစ်ခြားသူရဲ့ Password ကိုတောင်းရပါ့မယ်)
3= Remote Support ကိုရွေးပေးရပါ့မယ်။ ဒါမှ ကိုယ်ကတစ်ခြားသူရဲ့စက်ကို ဝင်ပြီး Support လုပ်နိုင်မှာပါ။
4= ID တွေထည့်ပြီးရင် Connect to Partner ကို နှိပ်လိုက်ရင် Password တောင်းတဲ့ Box ပေါ်လာရင် ခုနတုံး ကတောင်းထားတဲ့ Password ကို ရိုက်ပေးလိုက်ရင် ကိုယ်ကတစ်ခြားသူရဲ့စက်ထဲကို တစ်ခြားသူရဲ့ ခွင့်ပြုချက်နဲ့ ဝင်ရောက်နိုင်ပါပြီ။ ဝင်ရောက်ပြီးသွားရင် တစ်ခြားသူရဲ့ Admin အတိုင်းဘဲ အားလုံးကိုယ့်စိတ်ကြိုက် ပြုလုပ်နိုင်ပါပြီ။
ဒီရဲ့ Teamviewer က တစ်ခြားသော ကွန်ပျူတာ တစ်လုံးကနေ တစ်လုံးဝင်ရောက်နိုင်တဲ့ ဆော့ဝဲလ်တွေထဲမှာ တော့ တော်တော်လေးကို အဆင်ပြေချောမွေ့ွှစွား အသုံးပြုနိုင်တဲ့အပြင် Free ပေးထားတဲ့ ဆော့ဝဲလ်လေးမို့ သဘောကျဖို့ကောင်းပါတယ်။ ကွန်ပျူတာဆော့ဝဲလ်တွေပြင်သမားအတွက်တော့ အချိန်ကုန် လူပင်ပန်းစရာမလို အိမ်ကနေ ဟိုဟိုဒီဒီ ဆော့ဝဲလ်လေးထည့်လိုက်ရုံဘဲ။ Install လုပ်ရတာ လွယ်ပေမယ့် အခုမှ စသုံးမယ့်သူတွေ အတွက်ရည်ရွယ်ပြီး ပုံလေးတွေနဲ့တကွ တင်ပြပေးလိုက်ပါတယ်။
သူ့ကို ဒေါင်းမယ်ဆိုရင် Teamviewer မှာသွားယူနိုင်ပါတယ်။
အားလုံးပျော်ရွင်စွာ အသုံးပြုနိုင်ကြပါစေ။