ကြိုက်လို့ပြန်ရှယ်လိုက်တာပါ.. အမေများနေ့ကို ဂုဏ်ပြုပါတယ်..

သူဖွဲ့သီရာ သူ့ကဗျာ ကဏ္ဍမှာ မြို့တော် ပုသိမ် သတင်းစဉ်ကို ပေးပို့လာတဲ့ ဝါသနာရှင်များရဲ့ ကလောင်စွမ်း ပြထားသော ကဗျာလေးများကို အလျဉ်းသင့်သလို ကောက်နှုတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ယခုတစ်ခေါက်တော့ ပရိသတ် တစ်ဦးဖြစ်တဲ့ ကိုအာကာ ပေးပို့ထားသော ကဗျာရှင် အိမ်မက်ရှင် ရဲ့ “ထိုအမေ”ဆိုတဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။
ထိုအမေ
သားတို့ ရုပ်ရည် သီတာမည်သား
ညွှန်းဖွဲ့ထားသည်
ချစ်အားပိုစေ ထိုအမေ…။ချိုနို့တိုက်ကျွေး မေတ္တာပေး၍
ငိုကြွေးအဲ့အဲ့ စိုးရိမ်လှည့်သည်
အနမ်းပိုလေ ထိုအမေ…။လုလင်ငယ်သွေး အိပ်ဖို့ရေးကို
ခွန်းဆင့်ဆိုတေး ချော့မြူမွေးသည်
ရွှင်ပြုံးကြည်စေ ထိုအမေ…။လူလားသူမြောက် ဂုဏ်တင့်လောက်ဖို့
ထောက်ပို့ရင်းနှီး ဖြည့်ဖန်တီးသည်
ပီတိပြုံးဝေ ထိုအမေ…။ချစ်စွထိုသား ပြုဖန်မှားက
သောကထွေပွေ လမ်းမှန်စေသည်
စိတ်အားပူပေ ထိုအမေ…။ချစ်ရသားငယ် ကြည့်မလွယ်အား
လောကဓံကြား ကူးဆန်သွားသည်
နားလည်ပေးနေ ထိုအမေ…။လွှမ်းခြုံစေသွား မေတ္တာများ၍
ဆပွားဂရုဏာ မိမာတာကို
ဤကျွနု်ပ်သား ရိုကျိုးထားသည်
ခံယူပြုံးနေ ထိုအမေ…။ ။(အမေများနေ့ကို ဂုဏ်ပြုရည်သန်လျှက်)
အိပ်မက်ရှင် | PatheinCity News | ရသစာပေ
Source : http://patheincity.com/news/index.php/2011/05/his-poem-that-mother/#ixzz1LjAAuyOY
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

