တောင်ကြီးတန်ဆောင်တိုင်လည်းရောက်ခါနီးပြီဆိုတော့.. ပိုလွမ်းမိလို့..ရေးဖြစ်သွားတာပါ

ကျွန်တော်အခုတစ်လော .. အလုပ်နဲ့အိမ် ..အလုပ်နဲ့အိမ်ပဲ..သွားလာလှုပ်ရှားနေပါတယ်.. ဒါကြောင့်..ဒီကြားထဲ ဘယ်မှ မသွားဖြစ်ဘူးလို့ဆိုလို့ရပါတယ်.. ဒါကြောင့်လည်း.. ကျွန်တော် ကိုယ်ပိုင်သီချင်းအသစ်တွေ သီကုံးရေးစပ်မိခဲ့ပါတယ်.. အရင်တစ်ပုဒ်က ချစ်သူအတွက်.. အခုတစ်ပုဒ်က .. ချစ်တဲ့သျှမ်းမြေ ကို လွမ်းဆွတ်မိလို့.. ရေးထားတာပါ.. အိမ်လွမ်းသူတွေအားလုံးကိုယ်စားပေါ့.. ပြီးတော့ သျှမ်းမြေကိုချစ်တဲ့သူတွေအတွက်ကောပဲ.. အားလုံးနဲ့တိုက်ဆိုင်ရင် ဝမ်းသာမိပါတယ်…အခုတော့…” တမ်းတမိတဲ့မြေ ” သီချင်းတစ်ပုဒ်ကို ဆက်လက်အားပေးပါဦးနော်… သီချင်းစာသားကိုပဲ..အရင်အားပေးပါဦးနော်.. မကြာမှီအသံနဲ့လာပါမယ်.. အခုတစ်လော.. လည်ချောင်းနည်းနည်းနာနေလို့.. အသံကိုကြိုးစားသွင်းနေပါတယ်.. :P
ပြီးတော့… . တန်ဆောင်တိုင်လည်း ရောက်ခါနီးပြီဆိုတော့..ပိုလွမ်း..ပိုလို့ တမ်းတမိပါတယ်လေ..

… တမ်းတမိတဲ့မြေ …

သတိရတဲ့စိတ်လေးတွေ မြိုသိပ်ထားရင်း ပိုလွမ်းလို့လေ
ခေါင်မိုးနီနီ မြေနီလမ်းတွေ ဖြတ်သန်းနင်းလျှောက်ခဲ့တဲ့ ငယ်ဘဝအချိန်တွေ.. .. ..

တောင်ချွန်းအလှနဲ့ ထင်းရူးရနဲ့တွေ လှပသင်းထုံ ချယ်ရီဒို့သျှမ်းမြေ
အခွင့်အခါကြုံရင် ပြန်ဆုံချင်ပါတယ်လေ စောင့်လို့ကြိုနေပါ မွေးရပ်သျှမ်းမြေ.. .. ..

လွမ်းမိ..လွမ်းမိတယ်လေ.. ကျွန်တော်ဟာ အဝေးရောက် အဝေးရောက်နေပြီလေ..
ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ ပျော်ရွင်ချင်တယ် တန်ဆောင်တိုင်ပွဲကိုလေ.. .. ..
တမ်းတ..တမ်းတမိတယ်လေ.. ကျွန်တော်ဟာ တစ်နေ့တော့ တစ်နေ့ပြန်လာမယ်လေ..
ဘဝရဲ့ဒုက္ခအမောများကိုဖြေ.. လတ်ဆတ်အေးချမ်းလှတဲ့ တောင်ပေါ်မြေ.. နားခိုချင်မိနေ.. .. ..

သူချက်ကျွေးခဲ့တဲ့ သျှမ်းခေါက်ဆွဲကိုလေ ကျွန်တော်ဟာတစ်သက်မမေ့နိုင်ပါဘူးလေ
ပြန်လာမယ့်နေ့ရက်အချိန်တွေ သူစောင့်စားရတဲ့အချိန်တွေ အမြန်ကုန်ဆုံးပါစေ.. .. ..

လွမ်းမိ..လွမ်းမိတယ်လေ.. ကျွန်တော်ဟာ အဝေးရောက် အဝေးရောက်နေပြီလေ..
ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ ပျော်ရွင်ချင်တယ် တန်ဆောင်တိုင်ပွဲကိုလေ.. .. ..
တမ်းတ..တမ်းတမိတယ်လေ.. ကျွန်တော်ဟာ တစ်နေ့တော့ တစ်နေ့ပြန်လာမယ်လေ..
ဘဝရဲ့ဒုက္ခအမောများကိုဖြေ.. လတ်ဆက်အေးချမ်းလှတဲ့ တောင်ပေါ်မြေ..
တမ်းတ..တမ်းတမိတယ်လေ.. ကျွန်တော်ဟာ တစ်နေ့တော့ တစ်နေ့ပြန်လာမယ်လေ..
ဘဝရဲ့ဒုက္ခအမောများကိုဖြေ.. လတ်ဆက်အေးချမ်းလှတဲ့ တောင်ပေါ်မြေ.. နားခိုချင်မိနေ.. .. ..

၁၉ ရက် ၉ လ ၂၀၁၀
ဂျပန်စံတော်ချိန် ည ၉နာရီ ၅၉ မိနစ်
ရေးသားသူ.. စိုင်းလောဝ် ( ကြယ်စင်မင်း ) ကိုယ်ပိုင်သံစဉ်စာသား
ကီးများ.. D, Gbm, Bm, Gbm, G, D, Em, A, A7

ရင်ခုံလိုက်တိုင်း ချစ်တယ်… With Song.

မင်းနဲ့ဝေးနေတဲ့အချိန်တိုင်းမှာ ငါ့ရဲ့ရင်ခုံသံတွေတစ်ချက်ချက်ခုံလိုက်တိုင်း မင်းကိုအရမ်းချစ်တယ်ကွယ်…
ငါတို့၂ယောက်အမြန်ဆုံးပြန်လည်ဆုံဆည်းဖို့အတွက် ငါတို့တွေ အတူတူကြိုးစားကြရအောင်နော်..

ဝေးသွားတော့မှ ပိုချစ်လာတယ်..ငါတို့်နီးစပ်ဖို့က မရက်စက်ပါနဲ့ ကံကြမ္မာရယ်..
အသံကြားရုံနဲ့ ရင်ခုန်မိပါတယ်.. တယ်လီဖုန်းဆက်ပြီး အလွမ်းတွေသယ်ကြမယ်..

စက္ကန့်တွေလှုပ်ရှားနေသမျှ နေ့နဲ့ညတွေပြောင်းလဲ
မင်းရဲ့ရင်ခုန်သံတွေတချက်ချက်ခုန်ခုန်လိုက်တိုင်း.. ဟိုင်း..

ချစ်တယ်.. ငါသိပ်ချစ်တယ်.. မင်းရဲ့အနားမှာပဲ ငါအမြဲရှိချင်တယ်..
လွမ်းတယ်.. ငါအရမ်းလွမ်းတယ်.. အနေဝေးလို့သွားပေမယ့်.. ငါတို့အချစ်တွေ မအေးခဲပါရစေနဲ့…။

အချစ်တွ ဖန်ဆင်းပေးခဲ့တဲ့ မင်းရဲ့နှုတ်ခမ်းလေးကိုပဲ ငါလေအချိန်တိုင်းလွမ်းနေမိတယ်..
ပင်လယ်ပြင်တွေဘယ်လောက်ပင်ခြားနားပါစေ.. ငါတို့၂ယောက်ရဲ့စိတ်တွေက နီးနီးလေးပါပဲကွယ်..

စက္ကန့်တွေလှုပ်ရှားနေသမျှ နေ့နဲ့ညတွေပြောင်းလဲ
မင်းရဲ့ရင်ခုန်သံတွေတချက်ချက်ခုန်ခုန်လိုက်တိုင်း.. ဟိုင်း..

ချစ်တယ်.. ငါသိပ်ချစ်တယ်.. မင်းရဲ့အနားမှာပဲ ငါအမြဲရှိချင်တယ်..
လွမ်းတယ်.. ငါအရမ်းလွမ်းတယ်.. အနေဝေးလို့သွားပေမယ့်.. ငါတို့အချစ်တွေ မအေးခဲပါရစေနဲ့…။
ငါသိပ်လွမ်းမိနေမှာပဲ.. အနေဝေးသွားခဲ့ပေမယ့်.. သွေးအေးသွားမယ့်အဖြစ်မျိုးတွေ မဖြစ်အောင်ဂရုစိုက်မယ်..
ငါလေမင်းကို အရမ်းချစ်တယ်..

28.8.2010 7:15 pm jp home
A,Dbm,D,Bm,E,A
update 2010-9-2
ကြယ်စင်မင်းရဲ့ ကိုယ်ပိုင်သံစဉ်စာသားပါ။

သီချင်းကို ဒေါင်းပြီးနားထောင်ကြမယ်…

ကျေးဇူးတင်ပါတယ်။

Youtube မှာ ကြည့်ချင်သူများအတွက် လင့်ပဲ ထည့်ပေးလို်က်ပါတယ်.. ဒီမှာသွားကြည့်နိုင်ပါတယ်..

Window Media Player နဲ့ဖွင့်သူများ.. ဒီ Plugin ကို ဒေါင်းလုပ်လုပ်ပြီး သွင်းလိုက်ပါ.. စာသားတွေ ပေါ်လာပါလိမ့်မယ်..

http://www.lyricsplugin.com/

ဒေါင်းပြီးလို့ သွင်းပြီးရင်.. Tools->Plug ins->Lyrics Plugin ကို အမှန်ခြစ်လိုက်ပါ.. ပြီးရင် Window Media Player ကို ပြန်ပိတ်ပြီး သီချင်းကိုပြန်ဖွင့်လိုက်ပါ.. အဆင်ပြေပါ လိမ့်မယ်..

မျှော်လင့်သလိုဖြစ်လာခဲ့ပြီ Imeem!

ကျွန်တော်ဒီနေ့ မေးလ်စစ်လိုက်တော့ တွေ့လိုက်တဲ့ မေးလ်တစ်စောင်ဟာ ကျွန်တော်မျှော်လင့်ထားသလို ဖြစ်လာခဲ့ပါပြီ…ကျွန်တော်တို့အားလုံးသိထားတဲ့ သီချင်းဆိုဒ် တစ်ခုဖြစ်တဲ့ Imeem ဆိုဒ်လေးမှာ Iphone နဲ့ T-Mobile G1 တို့အတွက် Phone Music Player လေးလို့ပြောလို့ရတဲ့ ဆော့ဝဲလ်တစ်ခု မိတ်ဆက်ပေးလိုက်ပါပြီ… ကျွန်တော့်သီချင်းအများစုက အဲ့ဒီမှာတင်ထားတယ်ဆိုတော့.. ဘယ်အချိန်မဆို ကိုယ့်ရဲ့ Imeem အကောင့်လေးဝင်ပြီး တင်ထားသမျှသီချင်းတွေအပြင် ကျွန်တော်အခုအကြိုက်တွေ့နေတဲ့ Songs from Apple Ads က သီချင်းတွေက မိုက်မှ မိုက်ပဲ… အသစ်လေးတွေ အလန်းလေးတွေနော်… :D ပြီးတော့ Top 100 တွေအပြင် ကိုယ်ကြိုက်တဲ့ သီချင်းတွေကိုလည်း ရှာလို့ရပါသေးတယ်… ကယ် ကယ် .. ကြောငြာလေးကိုပြောနေတာနဲ့ကြာပါတယ်.. အောက်မှာလင့်ပေးထားတယ်.. အဲ့ဒါကိုနှိပ်လိုက်.. ဒါမှမဟုတ် Iphone ကနေပြီး App Store ကနေလည်း Free ဒေါင်းနိုင်ပါပြီနော်… နာမည်က… imeem တဲ့… :D

On Sat, May 16, 2009 at 7:25 AM, imeem wrote:

Hi imeem friends,

We’re pleased to announce that you can now enjoy imeem on your mobile device.

imeem Mobile is a free application available on the iPhone and T-Mobile G1. imeem Mobile lets you stream music for free, create custom radio stations and access your personal imeem music library wherever you are.

imeem’s award-winning mobile application is available now as a FREE download:
Get imeem Mobile for the iPhone Get imeem Mobile for the T-Mobile G1

Get imeem Mobile for the iPhone

Enjoy some of the great features of imeem Mobile, including:
* Artist Radio: Search for your favorite bands and create custom artist stations that play music from those artists and others like them
* MyMusic: Upload your personal music library to imeem.com and stream that music through your mobile device
* Buy MP3 downloads: Purchase MP3 downloads with one click
* Featured Stations & Music Recommendations: Get music recommendations based on your personal listening habits and those of the imeem community
* Integration with imeem.com: imeem Mobile seamlessly integrates with features on imeem.com. The music you listen to on the go will influence the recommendations you receive on imeem.com, and vice versa

For more information about imeem Mobile, go to www.imeem.com/mobile or join the imeem Mobile group at www.imeem.com/imeemmobile.

Thanks and enjoy the music,

The imeem team
visit: http://www.imeem.com

အလွမ်းတွေနဲ့ သီချင်း

အခုအချိန်မှာ.. သတိလည်းရတယ်..စိတ်ဒဏ်ရာတွေလည်း မိနေတဲ့ကျွန်တော့်အတွက်… ဒီသီချင်းလေးက သက်သာစေခဲ့ပါတယ်.. အားလုံးနဲ့အတူ နားထောင်ကြည့်ကြပါစို့..

အလွမ်းတွေနဲ့ သီချင်း
စည်သူလွင် ၊ သစ္စာ


A Lwan Tway Nae` Ta Chin – ME@mmblogs.net – Si Thu Lwin + Thit Sar