တောင်ကြီးတန်ဆောင်တိုင် LIVE ထုတ်လွင့်မည်။

DSC01005

တောင်ကြီးမိသားစု မေးလ်မှ ကူးယူဖော်ပြသည်။


LinnLinn (TaSaungTine) | Music Upload

အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ထိ မြန်မာစံတော်ချိန် ည ၈ နာရီမှ စတင် ထုတ်လွှင့်ပေးသွားပါမည်။ ထုတ်လွင့်ပေးမယ့်..လိပ်စာကတော့..

www.taunggyicherryland.com/live တွင် တိုက်ရိုက်ကြည့်ရူ့နိုင်ပါပြီ.. လိုအပ်ချက်တွေကတော့…

Live Url:

1. Mozilla Firefox 3.x
http://www.mozilla.com/en-US/firefox/

2. Windows Media Player 11
http://www.microsoft.com/windows/windowsmedia/player/11/default.aspx

3.Windows Media Player plug-in for Mozilla Firefox
http://ifile.it/vl9s2d6 (install လုပ်နေစဉ်အတွင်း mozilla firefox ပိတ်ထားပေးဖို့လိုအပ်ပါတယ်)

အောက်တိုဘာလ ၂၅ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့ထိ မြန်မာစံတော် ချိန် ည ၈ နာရီမှ စတင်လွှင့်ပေးပါမည်။
Video bitrate :200kbps
Audio bitrate: 32kbps
Video Codec: VC-1
Audio Codec: WMA

အင်တာနက် အမြန်နှုန်း အနည်းဆုံး 256kbps ရှိမှ အဆင်ပြေပြေကြည့်ရှု့နိုင်ပါမည်။

ဖတ်ရပြီးလွမ်းလာတယ်.. တောင်ကြီးရယ်..

ကျွန်တော့်ရဲ့ဆိုဒ် ပြန်လည်အသက်သွင်းခဲ့ပါပြီ… ဒါနဲ့ပဲ..ကျွန်တော်မလည်ဖြစ်ခဲ့တဲ့.. အိမ်တွေကို သွားရောက်လည်ပတ်ဖတ်ရူ့ခဲ့ပါတယ်…
အဲ့ဒီလိုဖတ်ရင်းနဲ့.. တောင်ကြီးမြို့အကြောင်းလေးတွေကို ဖတ်မိရင်း.. “ ဖတ်ရပြီးလွမ်းလာတယ်… တောင်ကြီးရယ်..” ဖြစ်ခဲ့ပါတယ်…

ကျွန်တော်တောင်ကြီးမြို့လေးကို မပြန်တာ ၄ နှစ်ကျော်နေပါပြီ… ဒီ ၄ နှစ်လို့ပြောလိုက်ပေမယ့်.. တခြားသူတွေအတွက်တော့ မပြောတတ်ဘူး.. ကျွန်တော့်အတွက်ကတော့ တော်တော်လေးကို လွမ်းမောမိပါတယ်.. အခုချိန် ဝါဆိုတော့မယ့်အချိန်ဆိုတော့… ရိုးရာဓလေ့များနဲ့ ကျင်းပတဲ့ ဝါဆိုသင်္ကန်းကပ်လှူပွဲတွေကိုလည်း ပြန်လည်မြင်ယောင်မိပါတယ်… ။ ကျွန်တော်နေထိုင်ရာ ရပ်ကွက်.. ကျောင်း.. ဈေး.. သွားခဲ့တဲ့နေရာတွေ.. နောက်ဆုံး အဝေးသင်ဘဝနဲ့ပဲကျေနပ်ခဲ့ရတဲ့.. တောင်ကြီးတက္ကသိုလ်.. ကြိုးတံတား.. ကြိုးတံတားပေါ်ကနေကြည့်ရင်း အရမ်းလှတဲ့ အေးသာယာမြို့သစ် ရူ့ခင်းတွေ.. စတဲ့..စတဲ့.. ပြောမပြနိုင်တဲ့ အရာတွေ အရမ်းသတိရမိတယ်ဗျာ…

အခုအချိန်မှာ “ကိုကျော်စွာ” ကိုမေးလိုက်တော့.. မိုးတွေအုပ်နေပေမယ့်.. မိုးမရွာဘူး.. အေးတော့ အေးသား..တဲ့။ ကျွန်တော်တို့ တောင်ကြီးမြို့ကြီးဟာ ဘယ်သူတွေဘာပဲဖြစ်နေဖြစ်နေ သူကတော့ ရိုးသားမူ့တွေကိုပြသနေတုံးပါပဲ။ ကျွန်တော်ဒီရက်ပိုင်းလည်း .. ကျွန်တော်ချစ်ရတဲ့..လေးစားဂုဏ်ယူရတဲ့.. ကျွန်တော့်မွေးရပ်မြေအတွက် တစ်ခုခုပေးဆပ်ဖို့အတွက်ဆိုပြီး.. ကျွန်တော် မကျွမ်းကျင်ပေမယ့်.. အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားတဲ့.. “ တောင်ကြီးမြို့တင်သာကမ ရှမ်းပြည်တစ်ခုလုံးအတွက် ဂုဏ်ယူစရာ လို့ဆိုလို့ရတဲ့..
တောင်ကြီးမိသားစု ဖိုရမ် ” ကိုလည်း ပြုပြင်ဆောင်ရွက်နေရတဲ့အတွက် ကျွန်တော့်အတွက် တောင်ကြီးမြို့ကြီးကို အရမ်းကို လွမ်းမိပါတယ်ဗျာ…

သူငယ်ချင်းတွေနဲ့ အတူတူသွားဖြစ်တဲ့ အသားကင်ဆိုင်.. သူ့မှာရည်းစားမရှိဘူးလို့ သူရဲ့ သူငယ်ချင်းတွေ အခိုင်အမာပြောခဲ့ပေမယ့်.. နောက်ဆုံးသူကရည်းစားနဲ့ပါလို့ ပြောခံထိခဲ့မိတဲ့.. စဝ်စံထွန်းဆေးရုံနားက သူနာပြုအဆောင်… ငါမမူးသေးပါဘူး.. ငါတို့ရဲ့ တောင်ကြီးမြို့အလှကို ခံစားကြည့်စမ်းပါလို့.. ပြောဖြစ်ခဲ့တဲ့.. ကြိုးတံတားရဲ့ ညတစ်ည… ( အခုဆရာဝန်ဖြစ်သွားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်.. သူဆိုင်ကယ်ပြန်မောင်းနိုင်လို့.. မဟုတ်ရင် ကြိုးတံတားမှာ ညအိပ်ရလိမ့်မယ်… :P ) အရာရာ အားလုံးဟာ လွမ်းစရာတွေနဲ့ အမှတ်တရကျန်ခဲ့ပါပြီ။

အထက ၅ ခြံပေါက်ဖြစ်ခဲ့တဲ့ ကျွန်တော်.. သူငယ်ချင်းတွေကတော့.. အိမ်ထောင်ကျသူတွေကကျ.. ဆရာဝန် အင်ဂျင်နီယာဖြစ်သူတွေကဖြစ်.. သေတဲ့သူကသေ.. နယ်မြေရပ်ခြားရောက်နေတဲ့သူတွေက ရောက်လို့ပေါ့.. ဘာပဲပြောပြော.. ကျောင်းနေဖက် သူငယ်ချင်းတွေကိုလည်း .. သတိရမိနေပြန်တယ်.. မနေ့ကပဲ.. ငယ်သူငယ်ချင်းနဲ့  အင်တာနက်ချက်မှာ ပြန်တွေ့တော့.. ကျွန်တော့်နာမည်ကို ကောင်းကောင်းပြန်မှတ်မိနေသေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်မိနေပါတယ်.. အချိန်တွေ ဘယ်လောက်ပဲ ပြောင်းသွားပြောင်းသွား.. ငယ်ပေါင်းတွေကတော့.. မမေ့သေးဘူးတဲ့…။

ပြောရရင် အများကြီးပဲ.. ဒီနေ့ ကိုယ့်ရဲ့ ဆိုဒ်ကို ပြန်အသက်သွင်းမှ ပဲ.. ကိုယ်ပါ ပြန်ပြီး လွမ်းဆွေးမူ့တွေခံစားနေရတယ်.. ဒါပေမယ့်.. ပြောနေကြစကားတစ်ခွန်းတော့ ပြန်ပြောလိုက်မယ်ဗျာ…

“ တောင်ကြီးသားတစ်ယောက်ဖြစ်ရတာ .. ဂုဏ်ယူပါတယ်ဗျာ..”

ဒီအချိန်.. ဒီလိုနေရာမျိုးမှာ.. ဒီလိုသူငယ်ချင်းများနဲ့.. အခုတော့ လွမ်းရတော့မယ်ပေါ့…

ဘာလိုလိုနဲ့ တစ်နှစ်ပြီးတစ်နှစ်ကုန်သွားလိုက်တာ.. တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော် တောင်ကြီးတန်ဆောင်တိုင်ကြီးလည်း ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော်တို့လို အဝေးရောက် မြွေးရပ်မြေကနေ ခွဲခွါနေရတဲ့ ဘဝတူတွေကို အပင်ပန်းခံ အနစ်နာခံခဲ့တဲ့ ကိုအောင်မိန်း နဲ့ သူငယ်ချင်းများ.. Studio 35 မှ ရောင်းရင်းများကို ဒီကနေပြီး အထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါရစေ..။။

ဒီလို Cbox နဲ့ ဒီလို တိုက်ရိုက်လွင့်ပေးနိုင်တယ်ဆိုတာ တောင်ကြီးမြို့ရဲ့ ပထမဆုံးသော သမိုင်းဝင် တောင်ကြီးတန်ဆောင်တိုင်ပွဲတောြ်ဖစ်ခဲ့ပါတယ်..။ လွမ်းလွန်းလို့ ဘာတွေကို ဘယ်လိုပြောရမယ်ဆိုတာမသိဘာဘူး…။  ဒီလို နေ့ရက်တွေကို မအိပ်နိုင်ဘဲ တကူတကလွင့်ပေးတဲ့ ကိုအောင်မိန်းနဲ့ အဖွဲ့သူ အဖွဲ့သားများအားလုံးကို လေးစားပါတယ်..။ ကျွန်တော်ဆို အလုပ်ရှိရဲ့သားနဲ့ မအိပ်ဘဲ ညစဉ်စောင့်ကြည့်ခဲ့ပါတယ်..။

ဒီအချိန်လေးမှာတွေ့ခဲ့တဲ့သူငယ်ချင်းတွေကို ပြန်ပြောရင်.. ကိုအောင်မိန်း၊ မိုင်နေးတစ်လန်း၊ သားငယ်၊ တောင်ပေါ်သား၊ တောင်ပေါ်ကရှမ်းကလေး၊ လွမ်းလွန်းလို့ငို၊ နန်းဝါဝါမောင်၊ ရောင်ပြန်၊အညတြ(ခေတ္တ နယူးယောက်ခ်)၊ ရန်ကုန်ရောက်စိုင်း၊ မီမီ၊ ကိုလတ်၊ အရူးလေး၊ redeyes၊ ayuulay၊ myatno၊ Nang Cherry၊ Thiri၊ may၊ Boyz၊ shwebothar၊၊ lwanthuway….. နဲ့ နာမည်မတတ်နိုင်တော့တဲ့ အခြားသော သူငယ်ချင်းများအားလုံး ကို အမြဲသတိရနေမှာပါ…။