ခေါင်းစဉ်မရှိပါ။

google image

အလွမ်းတွေနဲ့ စီးမျောနေတဲ့ ငါ့ရဲ့လမ်းမှာ
မြူဆွယ်မူ့အားကောင်းတဲ့
အမှားမြစ်ထဲကို ငါကိုယ်တိုင် စီးဆင်းရင်း
နောင်တဆိုတဲ့ အရာတစ်ခုကို
ငါပိုက်ထွေးမိခဲ့တယ်..။
တောင်းပန်ပါတယ်လို့ ပြောဖို့အထိ
အခွင့်အရေးမရှိတော့ပေမယ့်..
မင်းရဲ့ ပါးစပ်က ခွင့်လွတ်တယ်လို့
ပြောလိုက်ရင် ငါပြာကျသွားနိုင်တယ်.. …
မာယာတွေ၊ အလိမ်တွေ၊ ဟန်ဆောင်မူ့တွေက
မင်းသားခေါင်းဝတ်ဆင်ထားတဲ့
မာန်ဖီနေတဲ့ ဘီလူးတစ်ကောင်မှန်း
ငါမသိခဲ့ရလို့….
ဒါပေမယ့်.. နောက်ဆုံးအကြိမ်တော့
မင်းရဲ့အနားနားတိုးတိုးလေးကပ်ပြီး
ပြောပါရစေ…
မင်းကလွဲပြီး ငါဘယ်သူ့ကိုမှ မချစ်ခဲ့တာ ယုံပါ ” ။  ။  ။

Updated 1/6/09 1:43 AM by king ofstar မှာရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ဒီနေ့မှ ပြန်ရှာတွေ့လို့.တင်ထားကြည့်ရုံသက်သက်ပါ။

သတိရခြင်းဆိုတာ

သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်….
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊……
တစ်ဖက်သတ်ဆန်တယ်၊၊

အယ်ဖြူ(၁၉၇၁-၂၀၀၄)

ကိုအယ်ဖြူရဲ့ ကဗျာတပုဒ်ပါ..
ရိုးရိုးလေးနဲ့ တော်တော်ထိမိအောင်ရေးနိုင်တယ်လို့ ခံစားမိတယ်..
အားလုံးလည်း ကြိုက်မယ်ထင်ပါတယ်

ကျွန်တော့်ရဲ့ ဝါသနာ..

ဝါသနာ.. ဝါသနာ.. အင်း..ဘာလဲဟင် ဝါသနာက.. :D
ကိုတောင်ပေါ်သား Tag ထားလို့သာရေးရမှာ.. ဝါသနာတွေကို ပြောရရင်အများကြီးပဲ ( ဟိုစပ်စပ် ဒီစပ်စပ်လုပ်ချင်လို့နေမှာပါ.. ဟီးး ).. စတာပါဗျာ.. တကယ့်ဝါသနာကိုပြောရရင်.. တစ်ချိန်ကပေါ့…. …. …..

ငယ်ရွယ်စဉ်အချိန်တုံးမှာ ကျွန်တော်ကတော့ သိပ်ပြီး များများစားစားဝါသနာမပါပါဘူး..။ အိပ်လိုက်စားလိုက်နဲ့ အူငဲ အူငဲ အရွယ်ကိုကျော်လွန်ခဲ့ပါတယ်..။ ကျောင်းနေအရွယ်ရောက်လို့ ကျောင်းတတ်ကြတဲ့အချိန်မှာတော့ ရင်ထဲမှာရှိလာတဲ့ ဝါသနာတွေက လူများနဲ့မတူဘူးခင်ဗျာ..။ အဲ့ဒီအချိန်တွေမှာဆိုရင် တခြားကလေးတွေကို သူတို့မိဘတွေက မေးကြည့်ကြတာတွေရှိတယ်လေ.. “ သားလေးကြီးလာရင် ဘာလုပ်မယ် .. ” ဆိုတာမျိုးတွေက ဝါသနာကို အခြေခံပြီး ဖြစ်ပေါ်လာမယ့် အရာတွေလေ..။ သူတို့လေးတွေက ဆရာဝန်လုပ်မယ်..၊ အင်ဂျီနီယာကြီးလုပ်မယ်.. စသည်စည် တွေကိုဖြေကြတယ်…။ ကျွန်တော့ကို မေးတဲ့အချိန်မှာ အားလုံးအံ့ဩသွားကြတယ်..။ ဘာလုပ်မလဲတဲ့..။ ကျွန်တော်ဖြေတာကတော့ ဘားမှ မလုပ်ဘူးလို့..။ :D .. အဲ့ဒီအချိန်ကအတွေးတွေကတော့ ကိုယ်ဘာကို ဝါသနာပါသလဲဆိုတာကို သေချာမသိသေးတဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားလူစားမျိုးပေါ့..။

၅ တန်း၆ တန်းလောက်မှာ ကဗျာတွေကို သီကုံးတတ်လာပြီ…။ သီချင်းတွေကို ရေးသားတတ်လာပြီ..။ အဲ့ဒီအချိန်မှာ ကျွန်တော့်ဝါသနာကိုလာမေးရင်.. စာရွက်တွေနဲ့ အချိန်ကုန်တတ်တဲ့.. သီချင်းရေးဆရာတစ်ယောက်ပဲဖြစ်ဖြစ်..၊ ကဗျာဆရာတစ်ယောက်ပဲဖြစ်ဖြစ် စုတ်တံနဲ့ စာရွက်ရှိရင် ကျေနပ်တဲ့ လူစားမျိုးဖြစ်လာတယ်ဗျာ..။ ဝါသနာကတော့ ကြီးတယ်နော်.. အတန်းကြီးကျောင်းသားတွေ ကဗျာစာအုပ်ထုတ်ကြတဲ့အချိန်မှာတောင် ကျွန်တော်လို ၆ တန်းက ကဗျာတစ်ပုဒ်ပါခဲ့တယ်ဆိုတာ.. ကိုယ့်ကိုကိုယ့် အဲ့ဒီအချိန် ဂုဏ်ယူမိခဲ့တယ်..။

၈ တန်း ၉ တန်း လောက်မှာတော့ ဒီရဲ့ ဝါသနာကို အခြေခံပြီး ကျွန်တော် အသက်မွေးဝမ်းကျောင်း ပညာအဖြစ် ရပ်တည်ရမယ်လို့ ထင်ခဲ့ပေမယ့်.. အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်ခဲ့ပါဘူး.. ကျွန်တော်အဲ့ဒီအချိန်မှာတုံးက ကျွန်တော်သိပ်ချစ်ရတဲ့ ငယ်ချစ်.. ( သူအိမ်ထောင်ပြုသွားပြီ.. ) ကို ကဗျာတွေ သီချင်းတွေနဲ့ ရေးစပ်သီကုံး အလှဆင်ပေးခဲ့ဖူးပါတယ်…။ ဒါပေမယ့် သူက ကျွန်တော့်ကို ဒီလိုပဲ စုတ်တံနဲ့ စာရွက်တွေအပေါ်အချိန်ဖြုန်းနေမယ်ဆိုရင်… ဆိုပြီး .. အဖက်တောင် မလုပ်ခဲ့ပါဘူး.. တစ်ဖတ်သက်အချစ်မို့ ခံစားခဲ့ရပါတယ်…။ အင်း ဒါကြောင့် ပိုက်စံရမယ့် ဝါသနာဘက်ကို ကူးပြောင်းချင်လာပြီဗျာ..။

၁ဝ တန်းလည်းအောင်ရော.. ကျွန်တော် ကွန်ပျူတာနဲ့ LCCI Accounting ကို ကျွန်တော်တတ်ခဲ့ပါတယ်..။ ကွန်ပျူတာ တင်တဲ့အချိန်မှာတုံးကလည်း ကဗျာတွေ သီချင်းတွေကို မြန်မာလို မရရအောင်ရိုက်ပြီး ပေးခဲ့ပါသေးတယ်..။ အဲ့ဒီနောက် ကျွန်တော်ရန်ကုန်ကို ရောက်လာခဲ့ပါတယ်.. ။ ဒါကတော့ တခြားသော ကောင်မလေးတစ်ယောက်ကို ကြူရင်းနဲ့ ပထမဆုံးရန်ကုန်ကို ရောက်ဖြစ်တော့ တောသားမြိူ့တတ်တစ်ယောက်လိုပါပဲ..။ အဲ့ဒီအချိန်တုံးကဆိုရင် ကိုယ်တိုင်းစဉ်းစားမိတာက.. ငါ့ရဲ့ ဝါသနာကို ငါ အကောင် အထည်ဖော်လို့ရပြီလို့…။

ကျွန်တော့်ဝါသနာက ငွေရှင်တွေရဲ့ ဈေးနှိ်မ်မူ့တွေ .. နေရာဝင်ယူဖို့ခက်တဲ့ အဖြစ်မျိုးတွေကြားထဲ ကျွန်တော့်ရဲ့ အသက်အရွယ်နဲ့ “ဝါ” တွေက မယှဉ်နိုင်တဲ့အတွက် ကြောင့် ကျွန်တော်ငြိမ်လိုက်ရပါတယ်..။ တစ်ရက် ကျွန်တော် မဂ္ဂဇင်းတစ်ခုမှာ ရုပ်ရှင်မင်းသား လွင်မိုး အင်တာဗျူးဖြေထားတာကို တွေ့လိုက်မိတယ်..သူပြောတာကို ကျွန်တော်လုံးဝကို လက်ခံလိုက်တယ်…သူပြောတာက..“ သူဝါသနာပါတာက ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့.. အခုလုပ်နေရတာက ရုပ်ရှင်သရုပ်ဆောင်.. ဒါကြောင့် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အရင်ဆုံးလုပ်ပြီး .. နောက်ပြီးမှ ဖြစ်ချင်တာကို ပြန်လုပ်ဖို့ပါပဲ.. ” တဲ့။ ကျွန်တော်အရမ်းကြိုက်သွားတယ်.. ဒါကြောင့်ကျွန်တော့်ရဲ့ ဝါသနာကို အကောင်အထည်ဖော်ဖို့ ဖြစ်သင့်တာကို အရင်ဆုံးလုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်..။

ရည်ရွယ်ချက်အတိုင်း ကျွန်တော်ဒီနိုင်ငံကိုရောက်ခဲ့ပါတယ်..။ ကျွန်တော် ဖြစ်သင့်တာကို အခုလုပ်နေပါပြီ.. ဖြစ်ချင်တာကိုလည်း အနည်းငယ် တဖြည်းဖြည်း လုပ်နေပါတယ်…။ ဒီကြားထဲမှာ ကျွန်တော် အသည်းတွေကွဲဖူးလို့ ရေးစပ်ထားတဲ့ စာသားတွေနဲ့ ကျွန်တော်အသက်ရှင်ခဲ့တယ်…

ကယ်လက်ရှိကတော့…
ကွန်ပျူတာနဲ့ အလုပ်ရူပ်နေတယ်.. ဝါသနာကိုခဏမေ့ထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်ဗျာ..

ပြီးပါပြီ
ကြယ်စင်မင်း
:)

ကိုတောင်ပေါ်သား Tag ထားတာကို ရေးပြီးပြီနော်.. ဘာတွေရေးလိုက်မှန်းမသိပေမယ့်.. ဝါသနာကို ဖော်ထုတ်ဖို့ထက် ဝမ်းရေးက အရေးကြီးလာကြောင်း သိရလို့ ဝါသနာဖက်ကို ခဏမေ့ထားနေရတဲ့ ဘဝပါ..။ :(