” O ” သွေးပိုင်ရှင်
ကျွန်တော်ကြယ်စင်မင်း၏ စိတ်များနှင့် ထပ်တူ ၈၅ % တူနေတာကြောင့် အမှတ်တရ တင်ထားလိုက်ပါတယ်.. ကျွန်တော်က အို သွေးပါခင်ဗျာ..
ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်… အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်…
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်… အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်… လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့… အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့… အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့… ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့… အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့… ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်… ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့…. ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်… အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး… အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်… တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့…
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့… ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်… အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့… တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…
Post From: Taunggyi Family Mail
တူတယ်နော်100% ကိုတူတယ်။မှန်လည်းမှန်တယ်။စိတ်ထဲမှာမထားဒါတော့အမှန်ဆုံးပါဘဲ~_~
Have a nice good blog (: *_*
0သွေးပိုင်ရှင်တွေကသဘောလဲအရမ်းကောင်းတယ်။လူတွေကိုယုံကြည်ရင်100%ယုံကြည်တယ်။မယုံတော့ဘူးဆိုရင်%ပါဘဲ။
တော်တော်ကောင်းတဲ့postလေးပါနော် *_*
မှန်ပါတယ်။ ကျွန်တော်လဲ “O” သွေးပဲ။ ကျွန်တော့အတွက်တော့ အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် (တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့ ) အဲဒါကလုံးဝကိုမှန်တယ်။
နည်းနည်းတော့ ထူးဆန်းတယ်. ဗျာ …. တိုက်ဆိုင်မှု တစ်ခုလားတော့မသိဘူး .. .. ကျွန်တော်က ” ဝ ” သွေးပါ.. .. တော်တော်များများလေးကိုတူနေတယ်.. .. ” ဝ ” သွေးတိုင်းဒီလိုဖြစ်နိုင်ပါ့မလား …… နောက်ကျပြီးမှ ဖတ်လိုက်ရတဲ့ ပို့စ်လေးပါ… …. ဒီဆိုဒ်လေးကို နောက်ကျမှ သိခွင့်ရတဲ့အတွက် အချိန်တွေကို နှမြောမိတယ်……
ဟုတ်ပါတယ်ခင်ဗျာ
အကုန်လုံးနည်းပါးတူညီပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျာ
nearly 100% correct. . . I am “O” too………
အရမ်းကိုမှန်ပါတယ်ခင်ဗျာ၊၊ ကျနော်လဲ(အို)သွေးပါပဲ ၊၊
အကိုပြောတာနဲ ့ကွက်တိကိုမှန်နေတာပါ ၊၊
ဟုတ်တယ်ဗျာ… ကျွန်တော်လည်း အိုသွေး ပိုင်ရှင်ပဲဗျာ…
တော်တော်များကို တူတယ်ဗျာ…ကျွန်တော့် စိတ်နေစိတ်ထားနဲ့…
သွေးထွက်အောင် ကို မှန်တယ် ကိုကြီး
ဟိ..ဇွတ်တွေချည်းပဲနော်..;P
အမှန်အကန်တွေချည်းပဲစုထားတာလေ..
အဟီးး
“တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…”
အဲဒီ တချက်ပေါ့ ကျနော့ ကိုဒုက္ခပေး နေတာ
ကျန်တာတေ လဲ တော်တော် များများ ထပ်တူကျ နေတယ် :atb
ဟယ်…အကုန်လုံးကိုမှန်နေတော့တာပဲ
ဘာဖြစ်လို ့အမှန်တွေချည်းပဲပြောနေတာလဲ
That is absolute right to me.
မှန်ပါတယ်
အကုန်လုံး တူပါတယ်
ရေးထားတဲ့ အကုန်လုံးနဲ့ထပ်တူကျနေပါတယ်
ကျန်တာတော့ မသိဘူး ဗျ ကျုပ်ကတော့ တစ်ဖက်သားကိုမြင်တဲ.အတိုင်းပဲ ပြောတက်တယ်…သွေးကတော့ အတူတူပဲ
အကိုရေ အေ သွေး ပိုင်ရှင်ရဲ့ စိတ်ဓါတ်လေးလည်း သိပါရစေ
ကျွန်ုပ်အတွက်တော့ အတော်များများမှန်ပါတယ်။ O သွေးဖြစ်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ း)
အကို A သွေးနဲ့ B သွေးအကြောင်းလေးရောမရေးဘူးလားဗျ ရေးမယ်ဆိုရင်အကြောင်းကြပါအုံးဗျ……… မိုက်တယ်နော်ဖတ်ရတာ…….ကြိုက်သွားပြီဗျာ..
A – B သွေးမရှိဘူးပေါ့နော်
” B ” သွေးပိုင်ရှင်အကြောင်းလေးလည်းသိချင်ပါတယ်။