Posts Tagged ‘IC’

တိုကျို နွေဦးအကြို IRON CROSS ရော့ခ်ဂီတပွဲတော်

Tuesday, May 11th, 2010

တိုကျိုမြို့  ARAKAWA-Ku NIPORI Sunpearl Arakawa Hall ၌ Caltec co.,ltd မှစီစဉ်တင်ဆက်သည့် နွေဦးအကြို ရော့ခ်ဂီတပွဲတော်ကို IRON CROSS အဖွဲ့ သားများမှ လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ R ဇာနည် ၊ ခင်ဘုဏ်း တို့ မှ ယနေ့ မေလ(၉)ရက်နေ့ ညနေ ပိုင်းမှာ တင်ဆက်ဖျော်ဖြေသွားသည့် မှတ်တမ်းများ

Credit to:  PNSJAPAN

  • Share/Bookmark

'09 IRON CROSS LIVE SHOW IN Japan!

Monday, April 27th, 2009

မနေ့က ၂၆ ရက် ဧပြီ ၂၀၀၉ ခုနှစ်မှာ ဂျပန်ကို မလာတာကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံး Rock Band လာတာ အရမ်းကို ဂုဏ်ယူမိပါတယ်.. ပွဲဖြစ်မြောက်အောင်ကူညီဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်.. ပွဲအစကနေ အဆုံးအထိ ဂျပန်ဘာသာပြန်အဖြစ် ကူညီခဲ့တဲ့ ကျွန်တော့်ရဲ့ အဒေါ်ကိုလည်း ကျေးဇူးတင်မိပါတယ်.. သူဆိုရင် ဒီအဖွဲ့အတွက် စိတ်ရောကိုယ်ပါ အပင်ပန်းခံခဲ့ပါတယ်..။ အိပ်ရေးတွေပျက်.. ပင်ပန်းပြီး အောင်မြင်အောင်ကြိုးစားပေးခဲ့ပါတယ်။ ဒီနေ့ဆိုရင် IC ချစ်ပရိသတ်ကြီးများက Oji ဘူတာကို ၃ နာရီခွဲကတည်းက တစ်စု တစ်စု နဲ့ တစ်ဖွဲဖွဲရောက်လို့လာပါတယ်.. IC ရှိုးသို့ သွားရာလမ်းတစ်လျှောက်လုံး လမ်းညွန်တွေကို ကပ်ထားပါတယ်.. ။ ပွဲစီစဉ်သူတွေရဲ့ အသေးစိတ်နိုင်မူ့ကို လေးစားမိပါတယ်..။ IC အဖွဲ့သားများဟာ ကောလဟာလ တွေကြားထဲကပဲ ဂျပန်နိုင်ငံကို ၂၅ ရက်နေ့မှာရောက်ရှိခဲ့ပါတယ်.. အဲ့ဒီနေ့က မိုးတွေရွာနေတာပေါ့.. ၂၆ ရက် မှာပွဲမှာ သီချင်းဆိုရတော့မှာဆိုတော့ သူတို့တွေ နည်းနည်းတော့ ပင်ပန်းနေကြပါတယ်.. ဒါပေမယ့်.. ပရိသတ်ကိုမြင်လိုက်ပြီဆိုရင်ပဲ ပင်ပန်းမူတွေပြေပျောက်သွားမယ်ဆိုတာ အလိုလိုသိနေပါတယ်… ပွဲကို ၄ နာရီခွဲမှ စဖြစ်ပါတယ်.. ကြောငြာထားတာကတော့ ၄ နာရီပါ.. မီးဆလိုက်တွေနဲ့ တစ်ကယ့်ရှိုးစစ်စစ် အရသာအပြည့်အ၀ခံစားမူ့ရသတွေပေးနိုင်စေဖို့ ပြင်ဆင်နေရတာမို့ ၄ နာရီခွဲမှ ပွဲစဖြစ်ပါတယ်.. IC ရဲ့ အချိန်တိကျမူ့နဲ့ပဲ ၄ နာရီခွဲမှာ ပွဲစဖွင့်ပါတယ်.. IC ရဲ့ ပင်တိုင်အတီးသမားတွေရဲ့ Intro တွေနဲ့အတူ ပွဲအရှိန်စခဲ့ပါတယ်.. စစခြင်းမှာ ကိုလေးဖြူရဲ့ အမဲလိုက်အက သီချင်းက ပွဲခန်းမကို လွမ်းမိုးသွားပါတယ်.. LIVE Show တစ်ခြားအဖွဲ့တွေ လာပေမယ့် ကျွန်တော် ပွဲမကြည့်ဖြစ်ခဲ့ပါဘူး.. ဒီပွဲလာမယ်ဆိုတာသိတဲ့အချိန်ကစပြီး လက်မှတ်စရောင်းတာနဲ့ လက်မှတ် ယန်း ၁၀,၀၀၀ တန်ကို ချက်ချင်းပဲဝယ်ထားလိုက်တယ်.. :D ပွဲလည်းငတ်နေတာမို့.. ပွဲစ ပွဲဆုံး ခုန်ပေါက်ကဲလိုက်တာ .. အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာပဲဗျာ.. နောက်တစ်နေ့အလုပ်သွားဆင်းတဲ့အချိန်မှာတော့ လူက ငိုက်စိုက်နဲ့ပေါ.. :D .. ဒါပေမယ့် ဘာပဲပြောပြော IC ရဲ့ LIVE SHOW ဟာ အရမ်းကိုကောင်းမွန်စွာတင်ဆက်နိုင်ခဲ့ပါတယ်ဗျာ.. ရန်ပွဲမဆိုထားနဲ့ ရန်ဖြစ်ဖို့တောင်အချိန်မရလိုက်တဲ့ IC ရဲ့ သံစဉ်တွေအောက်မှာ ပရိသတ်တွေ မျောဝင်နေခဲ့ပါတယ်… ကိုလေးဖြူကလည်း .. “ ဒီလို စည်းကမ်းတကျအားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ” ပြောခဲ့ပါသေးတယ်…

ဒီနေ့ပွဲမှာ IC Band နဲ့အတူ..
လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ ကြိုးကြာ နဲ့ မေစပယ်ညို တို့ဖြစ်ကြပါတယ်…
ကျွန်တော့်ရဲ့ ရိုက်ချက်ညံ့ညံ့ သူငယ်ချင်းကင်မရာနဲ့ အမှတ်တရရိုက်ခဲ့တာလေးကို အားလုံးနဲ့အတူတူ ကြည့်ကြရအောင်… နောက်မှ ခွေထွက်ရင် ကောင်းတာလေးကို ပြန်တင်ပေးပါ့မယ်ဗျာ.. အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါဦး…

  • Share/Bookmark

ကျွန်တော်ကြိုက်တဲ့ IC ဂျပန်လာမည်တဲ့..

Tuesday, February 10th, 2009


ကျွန်တော်တို့ တောင်ကြီးသားတွေသာမက မြန်မာတစ်နိုင်ငံလုံးကပါ လက်ခံထားတဲ့ IC အဖွဲ့ကြီး မကြာခင်ကာလမှာ
ကျွန်တော်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံမှာ လာရောက်ဖျော်ဖြေမယ်ဆိုတဲ့သတင်းကြားကတည်းက အရမ်းကို ပျော်ရွင်မိပါတယ်..
IC ရှိုးမကြည့်ရတာ ကြာပြီဖြစ်တဲ့အတွက် အရမ်းကို မျှော်လင့်မိနေပါတယ်..။ ငွေဈေး ဘယ်လောက်ဘဲပေးရပေးရ ကြည့်မယ်လို့ ဆုံးဖြတ်ထးတယ်.. ဟီးးး
နောက်တစ်ခါ IC ဂျပန်ကို ထပ်လာဖို့ဆိုတာ.. သိပ်မသေချာတော့ဘူးလေ…။ သူတို့အဖွဲ့က အဆိုတော်တွေကော တီးတဲ့သူတွေအားလုံးကပါ အသက်တွေကလည်း ကြီးလာပြီဆိုတော့လေ…

မကြာမီ IC လာမည် မျှော်…… …

  • Share/Bookmark
8 visitors online now
2 guests, 6 bots, 0 members
Max visitors today: 8 at 11:42 pm UTC
This month: 43 at 09-08-2010 08:35 pm UTC
This year: 54 at 06-08-2010 03:56 pm UTC
All time: 54 at 06-08-2010 03:56 pm UTC