Posted by နွေးနေခြည် at 4:32 PM မှ ကူးယူဖော်ပြသည်။

IPhone/ ITouch မှတဆင့် မြန်မာ အွန်လိုင်းရေဒီယိုများ နားထောင်နိုင်ပြီဖြစ်ပါတယ်။ အခုလို နားထောင်လို့ရမှန်း စသိခဲ့တာ MYMC ကပါ။ ရေဒီယိုတွေက ၂၄/၇ လာနေတာဖြစ်လို့ သီချင်းပေါင်းစုံကို အချိန်မရွေး အင်တာနက် ရှိရာနေရာမှ နားထောင်နိုင်ပြီဖြစ်ပါတယ်။
Application သွင်းပုံနှင့် MYMC ရေဒီယို Configure လုပ်ပုံကို ဒီလင့် ကဆင့် သွားကြည့်နိုင်ပါတယ်။ ပုံနှင့် ဗီဒီယိုဖိုင်နဲ့ တကွ သေချာရှင်းပြထားပါတယ်။ Jail break မလုပ်ထားလည်း ရေဒီယို Configure လုပ်လို့ရပါတယ်။
ကျမအခု မျှဝေပေးချင်တာက အဖြူရောင်သံစဉ် ရေဒီယိုနှင့် အိမ်မက်လှိုင်း ရေဒီယို Configure လုပ်ဖို့ပါ။ ကျမက ဘယ်ရေဒီယို လိုင်းရဲ့မှ DJ မဟုတ်ပါဘူး။ ရေဒီယိုနားဆင်သူ ပရိတ်သတ် အချင်းချင်း မျှဝေပေးချင်ရုံပါ။
ပထမဆုံး အပေါ်မှာပေးထားတဲ့ MYMC လင့်မှတဆင့် MYMC ရေဒီယိုကို Configure လုပ်ပြီး အဆင်ပြေပြီဆိုရင် နောက်ရေဒီယို လိုင်းတွေကို အလွယ်တကူ ထည့်နိုင်ပါပြီ။ ရေဒီယို လိုင်းတွေ ထည့်ဖို့အတွက် အဓိက က URL သိဖို့လို့ပါတယ်။ URL ဘယ်လိုရှာနိုင်မလဲဆိုတာ အောက်မှာ ထပ်ရှင်းပြထားပါတယ်။
- အဖြူရောင်သံစဉ် ရေဒီယို Configure လုပ်ရန်
Name: APYTZ
URL: mms://wma2.viastreaming.net/APYTZ
Format: WMA
Bitrate (kps) : 37
- အိမ်မက်လှိုင်း ရေဒီယို Configure လုပ်ရန်
Name: EML
URL: mms://energy08.egihosting.com/EML
Format: WMA
Bitrate (kps): 37
URL ရှာပုံ
ရေဒီယို လွှင့်နေတဲ့ web page ကိုဖွင့်ပါ။
ရေဒီယို လွှင့်နေတဲ့ Player ကို selection မှတ်၊ Right Click နှိပ်ပြီး View Selection Source ကိုရွေးပါ။ (for FireFox Browser)
Player နှင့် ပတ်သက်တဲ့ code တွေကို မြင်ရပါမယ်။
(example: src=”mms://energy08.egihosting.com/EML/“)
Source code ကိုယူပြီး configure လုပ်နိုင်ပါပြီ။
မှတ်ချက်။ ။ IPhone နှင့် ရေဒီယို နားထောင်ချိန်ကြာလာလျှင် ဖုန်းအရမ်းပူလာပြီး Battery အားကုန်မြန်ပါတယ်။း)





KanaungConverter
win rar
zawgyi font
မှတ်ချက်။ ။ IPhone နှင့် ရေဒီယို နားထောင်ချိန်ကြာလာလျှင် ဖုန်းအရမ်းပူလာပြီး Battery အားကုန်မြန်ပါတယ်။း) အရမ်းသုံးတာများသွားရင် ဖုန်းဘေးး ပိုပါတယ်
လေးစားလျက်
တောင်ပေါ်သား
အဲ့ဒီမှာတော့မသိဘူး..ဒီမှာတော့ အေးဆေးပဲ..မကုန်ပါ.. Battery ပဲကုန်ပါတယ်.. ဂွိ
အောင်မြင်တယ်ဗျာ။ ကျေးဇူးလည်းအရမ်းတင်ပါတယ်။ အသစ်တွေထွက်လည်း ပို.ပါဦး။
I want to know how to install to zawgyi font to iphone with using cydia.Thanks