
အဟီး.. Window 7 ရဲ့ သတင်းတွေ.. ကောင်းကွက်တွေ..ဘာတွေ..ညာတွေကို.. ကြည့်ရင်းနဲ့ မအိပ်ပဲ.. ညအလုပ်ဆက်တိုက်သွားခဲ့ပါတယ်.. ညအလုပ်ထဲမှာတော့. အလုပ်လုပ်ရင်းနဲ့ လူက ခပ်ယိုင်ယိုင်.. ![]()
အယ်.. ညအလုပ်ကတော့ မနက်အထိ အဆင်ပြေတယ်.. မနက် ၆ နာရီမှာ အလုပ်ကနေ ပြန်လာတော့လဲ. ဖုန်းထဲကနေ သတင်းတွေ ဆက်တိုင် ဖတ်နေခဲ့တယ်…။ ရထားစီးလည်း သတင်းဖတ်တယ်..။ အိပ်ပြန်ရောက်တော့
ပုံမှန်ဆိုရင် အိပ်ရမှာ.. အခုတော့..အိပ်ချင်ပေမယ့်လည်း.. မအိပ်တော့ပဲ.. ဒီနေ့ထွက်မယ့် window 7 ရဲ့ သတင်းကို အသဲအသန် လိုက်ရှာဖတ်ပြီး.. ဒေါင်းဖို့ ချောင်းနေတာပေါ့.. ဒါနဲ့ မနက် ၈ နာရီခွဲသွားတော့.. မျက်လုံးက လုံးဝကိုမရတော့ဘူး..။
ခဏလေးအိပ်မယ်ဆိုပြီး..မေးကတည်း အိပ်ပျော်သွားတာ.. အဟီးး.. အလုပ်ဝင်ရမှာက ၁၀ နာရီ.. ၉ နာရီကတည်းက ထသွားရမှာ..။အခုက ထ တာက ၁၀ နာရီဆိုတော့ ..အဟီးး… သွားတောင် ကောင်းကောင်းမတိုက်လိုက်နိုင်ဘူး.. တန်းနေအောင်ပြေးရတော့တာပေါ့..
အလုပ်ကို ဒီတစ်ခါမဟုတ်ဘူး.. ဒီနေ့မတိုင်းခင် ၂ ရက်တုံးကလည်း နောက်ကျပြီးပြီ.. ဒါကြောင့်..အလုပ်ရှင်ကို နောက်ထပ်နောက်မကျစေရတော့ပါဘူးလို့..ပြောထားတော့.. အခုတော့.. သေပြီဆရာပဲ… အလုပ်ကို ဖုန်းဆက်တော့လည်း အလုပ်ကမကိုင်..ဆိုတော့..ဆိုတော့…..
အလုပ်ကို ၁၀ နာရီ ၅၀ မိနစ်မှ ရောက်တော့.. အဟီးး.. မျက်နှာချိုသွေးပြီး.. ခါးကျိုးမတတ် တောင်းပန်ရတော့တာပေါ့ဗျာ..
ဟူး… Window 7 ရယ်..
သိပ်ရက်စက်တာပဲ…





KanaungConverter
win rar
zawgyi font
ဖြစ်ရမယ် ၀င်းဒိုး ၇ ရယ်။ တော်သေးတယ် အလုပ်က မပြုတ်တာ ။ နောက်တခါ သတိထားပါ အဲ့လိုမဖြစ်အောင် ဟွန်းးး စကားမစပ် တောင်းပန်ပုံကလဲ မတွေးရဲစရား) စလုံးမှာတော့ ညမိုးချုပ်ထိ တန်းစီနေတာရှိတယ်တဲ့ သတင်းစာထဲတွေ့တာပဲ ဒစ်စကောင့် ပေးမှာဆိုလားပဲး)
လေးစားလျက်
တောင်ပေါ်သား