တအားရိုုးသားလွန်းရင်တော့ အ သွားလိမ့်မယ်နော့်..

သြော်.. ပြောင်းလဲနေလုုိက်တာ လိုု့ပြောပေမယ့်လည်း.. မပြောင်းလဲသေးဘဲ.. ရိုုုုးသားလှတဲ့ ကျွန်တော့် ညီတွေကိုု အားမရလိုုက်တာ.. ဟူးးးး..
တောင်ပေါ်မှာပဲ ရိုုးသားအေးဆေးစွာနေလိုု့ကတော့.. ဘားမှ ပြောင်းလဲလာမှာမဟုုတ်ဘူး.. ခေတ်နဲ့အညီ အပြောင်းအလဲပေါ်မူတည်ပြီး လိုုက်ရောညီထွေစွာ သွားလာဆက်ဆံစဉ်းစားသင့် တယ်ဆိုုတဲ့အကြောင်းတွေ ပြောပြလိုုက်တာ.. ဖုုန်းမိနစ် ၁၂၀ ကျော်.. ( ဖုုန်းတစ်ကဒ်စာ) ကုုန်သွားတယ်..
သူတိုု့ဆီကရလိုုက်တဲ့ အဖြေကတော့.. “အင်း အင်း .. ” ပဲ။
ဘာပဲပြောပြော အင်း အင်း.. နဲ့ပဲပြီးနေတာနဲ့ စိတ်ကိုုမရှည်တော့ဘူး။ အပေါင်းအသင်းက ရန်ကုုန်မှာမရှိလိုု့.. အဆက်အသွယ်က မရှိလိုု့.. စတဲ့ ဆင်ချင်ဆင်လက် ဆင်နာရွက်တွေနဲ့ပဲ ပေးနေတော့တာပဲ..

ဟူး.. တအားရိုုးသားလွန်းရင်တော့ အသွားလိမ့်မယ်နော့်..

စိုုင်းလောဝ်
၁:၃၆ နံနက်
ဂျပန်

စိတ်ခံစားချက်များပေါ့